ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၂၆-၆-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၈--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းဂွနက်/ရိုးရိုး(၁၀၀၀၀/-)နှမ်းဖြူ မကွေး(၇၀၀၀/-)(၈၀၀၀/-)၊နှမ်းဖြူရေသွင်း(၂၀၀၀/-)(၃၀၀၀/-)  နှမ်းနီ(၇၀၀၀/-)၊ နှမ်းညိုကြား (၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ  အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၈--၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၆၀၀/-)၊ ကုလားပဲ (HL) (၇၀၀/-)  ၊ ပဲစဉ်းငုံ  (သစ်) (၈၀၀/-)၊  ပဲစဉ်းငုံ  (ဟောင်း) (၁၀၀၀/-)၊ မတ်ပဲ  (၅၀၀/)၊ စားတော်ပဲ(၂၅၀၀/-) ကျပ်စျေးတက်ပြီး ပဲတီစိမ်း     (၂၀၀၀/-)၊ ပဲထောပတ် (၁၅၀၀/-)  စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ  အပြောင်းအလဲ    မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၈--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက   မြေပဲ လုံးဆံနီ (လိုင်း)(၅၀/-) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)စျေးတက်ကာ ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၈..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၄၀/-)စျေးတက်ပြီး  နှမ်းဆီ(၂၀၀/-)စျေးကျကာ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။